Friday, August 12, 2011

ကရင့်အာဇာနည်များသို့ ဦးခိုက် တောင်း လျှောက်ခြင်း


ညမှာ ထိန်လင်း ငွေလမင်းလို
လွမ်းစိတ်ဖန်ညောင် ဆွေးစိတ်ဆောင်တဲ့
သူ့ဘ၀မျိုး ငါမလို--။

နေမှာထိန်လင်း နေမင်းကြီးလို
ပူပြင်းတောက်လောင် ဒေါသဆောင်တဲ့
သူ့ဘ၀မျိုး ငါမလို---။

ရော်ရွက်ဝါလို လေကျတော့သေ
လေသွေးတော့မြူး လေရူးတော့က
သူ့ဘ၀မျိုးလည်း ငါမလို---။

အာဇာနည်လို ကိုယ်ကျိုးစွန့်လွတ်
အမျိုးသားအတွက် ယုံကြည်ချက်ကို
စွဲမြဲဆုပ်ကိုင် တော်လှန်ရေးတရား
သွေးခင်းလမ်းမှ ခန္ဖာလည်း ကြွေ
မြေမှာခလဲ အရိုးထတွန်
တိုက်ပွဲဝင်သည့်
သူ့စိတ်ဓါတ်မျိုး ရယူလိုပါသည်---။

အိုး--အာဇာနည်--။
သင့်စိတ်ဓါတ်မျိုး---- ငါ့အား ပေးပါလေ---။

ရဲဘော်ကလိုကဆောရိုမဲ
တောင်ငူခရိုင်
(၅၆)နှစ်မြောက် ကရင့်အာဇာနည်နေ့သို့
ဦးညွတ်ဂုဏ်ပြုလျှက်-----။

2009ခုနှစ် သြဂုတ်လထုတ် သနူးထူးဂျာနယ်မှ ကူးယူဖော်ပြသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment